The Blessing of Righteousness - a podcast by Full Gospel Assembly

from 2020-08-11T10:29:29

:: ::

ယုံကြည်သူတွေအတွက်ဘုရားရှင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာအများကြီးရှိပါတယ်။ ထိုအရာထဲကအကြီးမားဆုံးဖြစ်တဲ့ကောင်းကြီးမင်္ဂလာအကြောင်းကိုယနေ့ဟောချင်ပါတယ်။ရောမ ၅ဂ၁၇ ကိုတ်မယ်ဆိူရင် “ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရား သည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို၎င်း ခံရသော သူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ် အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရကြလတံ့။” အလွန်ကြွယ်ဝသောဘုရားရှင်ရဲ့ကျေးဇူးတော် နှင့် ဖြောင့်မတ်ခြင်းဆိုတဲ့ဆုကျေးဇူး (အင်္ဂလိပ်လို The Gift of Rightiousnes လို့သုံးပါတယ်) ဆိုတဲ့ဆုကျေးဇူးနှစ်မျိုးခံရသောသူဟာ ယေရှုခရစ်အားဖြင့် အသက်ရှင်ပြီးတော့ သာ၍စိုးစံကြရမယ်လို့ဆိုထားပါတယ်။ အခြေအနေအထက်မှာ၊ ပြသနာအထက်မှာ အဖြစ်တရားရဲ့အထက်မှာ၊ ခပ်သိမ်းသောအရာရဲ့အထက်မှာ ခရစ်တော်အားဖြင့် ကျွန်တော်တို့ဟာ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ခရစ်တော်က ပြင်ဆင်ပေးပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ပေးထားတဲ့ ထိုဖြောင့်မတ်ခြင်းဆုကိုကျွန်ုပ်တို့သေချာနားလည်ဖို့ သိပ်အရေးကြီးပါတယ်။ ဖြောင့်မတ်ခြင်းလို့ပြောတာနဲ့ အကြိမ်ဖန်များစွာ ကယ်တင်ခြင်းမှာပဲ အဆုံးသတ်ကြတတ်ပါတယ်။ ဒါမှမဟုတ် အပြစ်ခွင့်လွှတ်ခြင်းတစ်ခုလို့ပဲ တွဲပြီးတော့မြင်တတ်ပါတယ်။ […]

Further episodes of FGA Myanmar

Further podcasts by Full Gospel Assembly

Website of Full Gospel Assembly