The profit of the word of God - a podcast by Full Gospel Assembly

from 2020-08-10T10:44:22

:: ::

နှုတ်ကပတ်တော်ဆိုရင်တော့ ကျမ်းစာလို့မြင်ကြပါတယ်။ နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်၊ ကျမ်းစာဟာနှုတ်ကပတ်တော်ဖြစ်တယ်၊ ဘုရားရဲ့နှုတ်တော်ထွက်စကားဟာနှုတ်ကပတ်တော်ဖြစ်တယ်၊ ဒီလောက်ပဲကျွန်မတို့မြင်တတ်ကြပါတယ်။ ကျွန်မယခုထပ်ပြောချင်တာကတော့ ယေရှုခရစ်တော်ဟာနှုတ်ကပတ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းဖြစ်တယ်။ ယခင်က ယေရှုဟာ နှုတ်ကပတ်တော်ဆိုတာရယ်၊ နှုတ်ကပတ်တော်ကလဲ ထိုနှုတ်ကပတ်တော်ပင်ဖြစ်တယ်ဆိုတာသိပေမဲ့ ယနေ့ ယေရှုခရစ်တော်ကိုယ်တိုင်ဟာ နှုတ်ကပတ်တော်ဖြစ်ကြောင်း ထပ်လောင်းဟောချင်ပါတယ်။ ရှင်ယောဟန် ၁း၄ မှာဘာရေးသလဲဆိုတော့ “ထိုနှုတ်ကပတ်တော်မှာ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏” လို့ရေးသားထားပြီး ဒီနှုတ်ကပတ်တော်ကလဲ ယေရှုခရစ်တော်ကို ရည်ညွန်းနေတာဖြစ်တယ်။ ယေရှုခရစ်တော်ကို နှုတ်ကပတ်တော်လို့ခေါ်နေတာဖြစ်တယ်။ ဒါကြောင့် နှုတ်ကပတ်တော်ဆိုတာကတော့ ရေးသားထားတဲ့ သမ္မာကျမ်းစာ၊ ဘုရားနှုတ်တော်ထွက်စကားတွေမကပဲ ယေရှုခရစ်တော်ကိုယ်တိုင်က နှုတ်ကပတ်တော်ဖြစ်ပါတယ်။ သူတို့အားလုံးဟာလဲ တလုံးတဝဖြစ်တယ်ဆိုတာကိုလဲ ပြောချင်ပါတယ်။ ယနေ့ကျွန်မတို့ရဲ့ အနာရောဂါအတွက် ယေရှုခရစ်တော်ဘုရားကိုယ်တိုင်က လာရောက်ဆုတောင်းပေးမယ်ဆိုရင် ပျောက်ကင်းသွားမယ်ဆိုတာ လုံးဝသံသယရှိစရာမလိုပါဘူး။ ယေရှုရှိတဲ့အရပ်မှာ နိမိတ်လက္ခဏာလဲဖြစ်တာဖြစ်တယ်။ ယေရှုရှိတဲ့အရပ်မှာနူနာတွေပျောက်ကင်းသွားတယ်၊ မျက်စိကန်းတဲ့သူတွေမြင်တယ်၊ လူသေတွေထမြောက်ပြီး ခြေလက်သေတဲ့သူတွေလမ်းလျှောက်နိုင်တဲအခွင့်တွေ ယေရှုရှိတဲ့အရပ်မှာ ရကြတယ်ဆိုတဲ့အကြောင်း […]

Further episodes of FGA Myanmar

Further podcasts by Full Gospel Assembly

Website of Full Gospel Assembly