The year of rest - a podcast by Full Gospel Assembly

from 2020-07-13T02:45:13

:: ::

ဘုရားသခင်သည် သူ့သားသမီးများကိုအနားရစေလိုသောဘုရားသခင်ဖြစ်သည်။ သူ၏သားသမီးများကိုပင်ပန်းဆင်းရဲကာ ဒုက္ခတွေဝေနေသော ဘဝမျိုးမဖြစ်စေလိုပါ။ အနားရပြီးအမောပြေကာအောင်မြင်ခြင်းရသောအသက်တာဖြစ်စေလိုသည်။ ယေရှုက သူခိုးသည် ခိုးဖို့သတ်ဖို့ ဖျက်ဆီးဖို့သာလာသည်။ငါကတော့ ငါ့သိုးတို့သည် အသက်ရရုံမက အထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းဌါ လာသည်ဟုပြောပါသည်။ယခုနှစ်အတွက် ဘုရားပေးသောနှုတ်ကပတ်တော်မှာ “အနားရသောနှစ်ဖြစ်သည်။ မဿဲ ၁၁:၂၈ “ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ၂၉ ငါ့ထမ်းဘိုးကိုတင်၍ ထမ်းကြလော့။ငါ့ထံ၍နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်း ကို ရလိမ့်မည်။၃ဝ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့ ၏ဟုမိန့်တော်မူ၏။ ” ဘုရားသခင်သည် ကျွန်ုပ်တို့အယာက်ဆီတိုင်းကို ဖိတ်ခေါ်ကမ်းလှမ်းနေပါသည်။ အနားရဖို့၊ဝန်ပေါ့သောသူတွေဖြစ်ဖို့၊ဝန်လေးပြီး ပင်ပန်းသောသူမဖြစ်စေလိုပါ။ အားငယ်ပြီးစိတ်ဓါတ်ကျတဲ့သူတွေမဖြစ်စေချင်ပါ။ ကျွန်ုပ်တို့ကို စိတ်ပူပန်ပြီးသောကပြည့်တဲ့သူ၊ ညဘက်တောင်အိပ်လို့မရတဲ့သူမဖြစ်စေလိုပါ။ အနားရပြီး ဘာမှမလုပ်ဘဲနေကာ ဆင်းရဲသွားဖို့လည်းမဟုတ်ပါ။ဘုရားအလိုတော်ရှိသောအသက်တာသည် အနားရမယ်။ တအားအောင်မြင်မယ်။ထို့အတွက် ကျွန်ုပ်တို့ကိုဘုရားကခေါ်တာဖြစ်တယ်။ ယေရှုကဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ […]

Further episodes of FGA Myanmar

Further podcasts by Full Gospel Assembly

Website of Full Gospel Assembly